Tuesday, February 16, 2010

Kyocera မိတ္တူ ကူးစက်သစ်

တခြား မိတ္တူ ကူးစက် တွေနဲ့ မတူဘဲDrum ရဲ့ သက်တမ်း စာရွက်ရေ ၁၅ဝ,ဝဝဝ အထိ ရိုက်ထုတ် ပေးနိုင်ပြီး Toner သက်တမ်း ကတော့ စာရွက်ရေ ၁၅,ဝဝဝ အထိမိတ္တူ ကူးပေး နိုင်တယ် ဆိုတဲ့ Kyocera အမှတ် တံဆိပ် TASKalfa 180 မော်ဒယ်လ် အမျိုး အစား Digital မိတ္တူ ကူးစက် ပါ။ ပုံနှိပ် အရည် အသွေး (Resolution) 600 x 600 dpi ရှိပြီး မိတ္တူ ကူးယူ နှုန်း (CopySpeed) က A4 စက္ကူ တစ်မိနစ် ၁၈ ရွက် နှုန်း ၊ A3 ဆိုရင် ရှစ်ရွက် နှုန်းရှိ ပါတယ်။ Internal Memory 32 MB ရှိပြီး Zoom Range ကတော့ ၁၅ ရာခိုင်နှုန်း ကနေ ၄ဝဝ ရာခိုင်နှုန်း (မူရင်းရဲ့လေးဆ) အထိ ချုံ့/ချဲ့ နိုင်ပါတယ်။ မိတ္တူ စာရွက် ကို အလို အလျောက် ကျောကပ် လှန်ပေးနိုင်ပြီး မိတ္တူ ကူးဖို့ စာရွက်ရေ ၃ဝဝ အထိ ပိုမို ထည့်သွင်း ထားနိုင် ပါတယ်။

Copier တစ်လုံး တည်းကို ကွန်ပျူတာ များစွာနဲ့ Printer အဖြစ် တစ်ပြိုင်နက် ချိတ်ဆက် အသုံးပြု နိုင်ပြီး ပိုမို မြန်ဆန် လိုပါက Memory ကိုထပ်တိုးနိုင်ပါတယ်။ မူရင်း တစ်မျက်နှာကို ဆက်တိုက် ၉၉၉ စုံ အထိ ကူးယူပေးနိုင်ပြီး မိမိတို့ ကူးယူ လိုတဲ့ အရေ အတွက် အတိုင်း အလို အလျောက် မှတ်သား စုပုံ ပေးတဲ့ စနစ် ပါရှိတယ် လို့ဆို ပါတယ်။ စာရွက်ကုန် သက်သာ စေဖို့ မူရင်း လေးမျက် နှာကို မိတ္တူ တစ်မျက်နှာ ထဲပေါ် မှာ အလို အလျောက် ကူးပေးတဲ့ စနစ်ပါ ရှိပါတယ်။ ပထမဆုံး စာရွက် မိတ္တူ ကူးချိန် ခြောက်စက္ကန့်မျှသာ ကြာမြင့်ပြီး လျှပ်စစ် ဓာတ်အား အသုံးပြု မှုကတော့424 Watts ရှိပါတယ်။

အသေးစိတ် သိရှိ လိုပါက တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်တဲ့ Global Technology Co., Ltd. အဆောင် (၇) အခန်း(၁) ၊Myanmar Info-Tech၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ လှိုင်မြို့နယ်၊ဖုန်း ၆၅၂၃၂၄၊ ၆၅၂၂၃၂၊ ၅ဝ၇ဝ၅၄၊ ၅၂၁၂၈၈၊ ၅၂၁၂၉ဝ၊ ဖက်စ် - ၅ဝ၇ဝ၅၂၊ website:globalnet.com.mm ကို ဆက်သွယ် စုံစမ်း နိုင်ပါတယ်။ ရောင်းဈေး ကတော့ ကျပ်သိန်း ၃ဝ ဝန်းကျင် ရှိပါတယ်။

0 comments:

Post a Comment