Tuesday, February 16, 2010

ပုသိမ် - ရန်ကုန် ' မြင့်' ခရီးသည်တင်ယာဉ် ၁၅ ပေအနက်ရှိ ချောက်အတွင်း ထိုးကျ တိမ်းမှောက်

ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲ နေသော မြင့် ခရီးသည်တင် ယာဉ်သည် ဖေဖော်ဝါရီ ၈ရက် နံနက် ၁ဝ နာရီတွင် ဒါးက တံတား အဆင်း၌ ဘီးပေါက် ရာမှ အရှိန် မထိန်း နိုင်ဘဲ ချောက် အတွင်း ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ သုံးဦး သေဆုံးပြီး ၁၁ ဦးကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း မျက်မြင် တွေ့ကြုံ ခဲ့သော ပုသိမ်-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများ ထံမှသိရှိရသည်။

ဖေဖော်ဝါရီ ၈ ရက် နံနက် ၁ဝ နာရီတွင် ပုသိမ်မြို့မှ ခရီးသည် ၅၆ ဦး တင်ဆောင် လာသော မြင့်ခရီးသည် တင်ယာဉ် လိုင်းမှ ၄ခ/၇ဝ၇၄ မော်တော် ယာဉ်သည် ကျောင်းကုန်းမြို့နယ် ဒါးက တံတား အဆင်း တွင် ကားရှေ့ဝဲဘက် ဘီးပေါက်ရာမှ အရှိန် မထိန်း နိုင်ဘဲ မျက်နှာချင်း ဆိုင်မှ လာသော ဆိုင်ကယ် ကိုဝင်တိုက် မိပြီး ဝဲဘက်ရှိ ၁၅ ပေ အနက် ချောက်အတွင်းသို့ ထိုးကျ၍ တိမ်းမှောက် ခဲ့ကြောင်း မျက်မြင် တွေ့ကြုံခဲ့သူ ခရီးသည် တစ်ဦးက ပြောကြားသည်။

'' ကျွန်တော်က ချမ်းမြေ့အေး နဲ့ လိုက်လာတာ။ ပုသိမ်က အထွက်မှာ ကတည်းက ကားတွေက လမ်းခရီးသည် ရအောင် မောင်းကြတာ။ ကားက ချောက်ထဲ ကျပြီး နှစ်ပတ်လောက် လိမ့်သွားတယ်'' ဟုအဆိုပါ ဒါးကတံတားကို ဆောက်လုပ် ခဲ့သည့် တံတား အထူးအဖွဲ့ (၄) မှ အငယ်တန်း အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။ အဆိုပါယာဉ် ချောက်အတွင်း ထိုးကျ တိမ်းမှောက် မှုကြောင့် အကူယာဉ်မောင်း ဇော်ဝေ၊ ယာဉ်နောက်လိုက် မောင်ဇော်၊ မျက်နှာချင်း ဆိုင်မှ ဆိုင်ကယ် မောင်းနှင် လာသူ ငါးသိုင်းချောင်း မြို့နယ်မှ ဦးရဲမြင့်တို့ သေဆုံးခဲ့ပြီး ခရီးသည် ၁၁ ဦးကျော် ဒဏ်ရာရ ရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ဝ ရက်ထုတ် နိုင်ငံပိုင်သတင်းမီဒီယာ များတွင် ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment