Tuesday, February 16, 2010

စာအုပ်ကမ္ဘာ

ဖေမြင့် စာမူခွင့်ပြုချက်အမှတ် - ၄ဝဝ၅၂၄၁၁ဝ၉

ဖေမြင့်ရဲ့ စာအုပ်ကမ္ဘာ စာအုပ်ဟာ မြန်မာ့ စာအုပ် စာပေ လောက ထဲမှာ အရေ အတွက် တော်တော်လေးကို ရှားပါးတဲ့ စာအုပ် အမျိုး အစား ဖြစ်ပြီး စာအုပ် လောကရဲ့ ကွက်လပ် ဖြစ်နေတဲ့ နေရာကို ဖြည့်ပေးတဲ့ စာအုပ် ဖြစ်ပါတယ်။ တစ်နေ့ တစ်နေ့ ထွက်ရှိ နေတဲ့ စာအုပ် တွေက များလွန်းလို့ ဘယ်စာအုပ် ကနေ စဖတ် ရမယ်မှန်း မသိဘူး ဆိုတဲ့ သူတွေ အတွက် လမ်းညွှန် မြေပုံ သဖွယ် သုံးပြီး ဖတ်ရမယ့် စာအုပ် ဖြစ်ပါတယ်။ စာရေးသူ အမှာ စကား ထဲမှာ ဒီစာအုပ်ကို စာချစ် စိတ်ရင့်သန်တဲ့ စာသမားတွေ အတွက် ရည်ရွယ်တဲ့ အကြောင်း၊ ဒီစာအုပ်မှာ အဓိက အနေနဲ့ လူတွေ ကိုလှုပ်ရှား တက်ကြွ စေခဲ့တဲ့၊ အသိ အမြင်သစ်တွေ ပေးခဲ့တဲ့၊ လူ့အဖွဲ့ အစည်းကို ပြောင်းလဲ စေခဲ့တဲ့ စာပေတွေ၊ ကမ္ဘာကို ကိုင်လှုပ် ခဲ့တဲ့ အယူ အဆတွေ ကိုရေးထားတဲ့ စာအုပ်တွေ ကိုးကွယ် သလောက် တန်ဖိုးထား ခံရတဲ့ စာအုပ်နဲ့ တွေ့ရာ သင်္ချိုင်း ဓားမဆိုင်း လိုက်လံ ရှာဖွေ ဖျက်ဆီး ခံရတဲ့ စာအုပ်တွေ ကို စုစည်း ပေးထားတယ်လို့ ဆိုထားပြီး တကယ်လည်း အဲလိုဆို ထားတဲ့ အတိုင်း ရှေးနှစ်ပေါင်း များစွာက အီစွပ်ရဲ့ တစ်ထောင့် တစ်ည ပုံပြင် စာအုပ်က စပြီး စာအုပ် တွေကို ဆောင်းပါး အပုဒ် ၃ဝ နဲ့ စာမျက်နှာ ၃၉၁ မျက်နှာ အတွင်းမှာ ကျစ်ကျစ် လျစ်လျစ် ညွှန်းပေး ထားပါတယ်။

အဲဒီ စာအုပ်မှာ ပါဝင် တာတွေ ကတော့ နိုင်ငံတကာ စာကြည့်တိုက် တွေရဲ့ ပုံစံ၊ စာအုပ်ဖတ်ပွဲ တွေရဲ့ အကြောင်း၊ ရေချဲလ်ကာဆင်ရဲ့ အဆိပ်သင့် နွေဦး၊ စာအုပ် အညွှန်းကို ဖတ်လိုက် တာနဲ့ ဒီစာအုပ်ကို ဘာကြောင့် လူတွေ ဘာလို့ ဒီလောက်တောင် ဆူဆူ ညံညံ အပြင်းထန်ဆုံး ဝေဖန် ကြတာလဲ ဆိုတာ ဖော်ပြ ထားတဲ့ မက္ခီယာဗယ်လီရဲ The Prince ၊ အယူအဆ တစ်ခု အပေါ် ကွက်ကွက် ကွင်းကွင်း သရုပ်ဖော် ထားတဲ့ ဂျော့ခ်ျအော်ဝဲလ်ရဲ့Animal Farm စတဲ့ ခေတ် အဆက်ဆက် ပြောင်း သွားပေမယ့် အဆင့်ဆင့် လက်ဆင့်ကမ်း ဖတ်ရမယ့် စာအုပ်တွေ အကြောင်း၊ ဟစ်တလာ ဖတ်ခဲ့တဲ့ စာအုပ်တွေ အကြောင်း စတာတွေ ပါဝင် ပါတယ်။ စာရေးသူရဲ့ကိုယ်ပိုင် အယူ အဆနဲ့ စိတ်ကြိုက် စုစည်း ရွေးထားတာ ဖြစ်လို့ အခု နောက်ပိုင်း ကမ္ဘာ့ စာအုပ် သဖွယ် ပြောဆို နေကြ Thomas Friedman &JU The World is Flat လို စာအုပ် မျိုးကို ထည့်မညွှန်း ထားတာက လွဲရင် မသေခင် ဖတ်ရမယ့် စာအုပ် ၁ဝဝ၁ အုပ် အကြောင်း နဲ့ စာအုပ် အညွှန်း လမ်းညွှန် စာအုပ် တွေကို ရွေးချယ် ထည့်သွင်း ပေးထားလို့ ထပ်ဆင့်ပြီး ကိုယ်ဘယ်စာကို ဖတ်သင့်တယ်၊ ဘယ်စာအုပ်က ကိုယ်ရှာနေတဲ့ စာအုပ်မျိုး ဖြစ်တယ်၊ ရှာနေတဲ့ စာအုပ် မဟုတ် ရင်တောင် ဘယ်စာအုပ် ကိုတော့ ဘာကြောင့် ဖတ်ဖြစ်အောင် ဖတ်ထား သင့်တယ် ဆိုတဲ့ စိတ်ကူးတွေ ရသွားမယ့် စာအုပ်လို့ ဆိုချင် ပါတယ်။

ဒီစာအုပ်ဖတ်လို့ မပြီးမချင်း စာအုပ် တွေရဲ့ ကမ္ဘာထဲကို အမှန် တကယ် ရောက်သွား သလို စာအုပ် အညွှန်း တွေကို ဖတ်နေ ရတာနဲ့တင် ပျော်မွေ့ နေစေတဲ့ စာအုပ်ပါ။ စာအုပ် အညွှန်း ထဲမှာပါတဲ့ နိုင်ငံတကာက စာရေး ဆရာ တွေဟာ သူတို့ရဲ့ အယူ အဆ တွေကို ရဲရဲ ရင့်ရင့် စွန့်စွန့် စားစား ရေးသား ပြကြလို့ ကြောက်ခမန်း လိလိ ရိုက်ခတ် မှုတွေ ဖြစ်ပေါ် ခဲ့ပုံတွေနဲ့ အဲဒီ စာအုပ်တွေ ကြောင့် ကမ္ဘာမှာ အပြောင်း အလဲကြီးတွေ ဖြစ်ပေါ် ခဲ့ပုံတွေ ကိုပါ ဒီစာအုပ်ထဲမှာ ရေးသားထားလို့ ကမ္ဘာ့ နိုင်ငံသား တစ်ယောက်လို အဆင့်အ တန်းမီ တွေးခေါ် မြော်မြင် နားလည်လိုတဲ့ စာသမားတွေ ဝယ်သိမ်းဆည်း ထားပြီး ဖတ်ရမယ့် စာအုပ် အမျိုး အစားပါ။

စာမျက်နှာ ၂၇၈ မှာ ရေးထားတဲ့'... စာရေးတတ်ရန် အတွက် အချိန် ကာလတွေ ရင်းနှီး ရသလို စာကို နားလည်ပါးလည် ဖတ်တတ်ရန်၊ စာအုပ် တစ်အုပ် နှင့် ပတ်သက်၍ တန်ဖိုး ရှိသော မှတ်ချက် စကား တစ်ခု ဆိုနိုင် လောက်သည် အထိ တတ်မြောက် ရန်လည်း စာအုပ်ပေါင်း များစွာကို စိစစ် ဝေဖန်သော ဥဏ်ဖြင့် ဖတ်ရှုခဲ့သည့် အတွေ့အကြုံမျိုး ရှိဖို့ လိုပါသည်' ဆိုတာနဲ့ စာမျက်နှာ ၂၈၈ က 'ဘင်းဂျမင်းဖရန်ကလင်းရဲ့ စာ များများ ဖတ်၊ စာအုပ် အများကြီး မဖတ်နဲ့' ဆိုတာေ တွကနေ စာကို ဘယ်လို ဖတ်ရမယ် ဆိုတာပါ သိရှိနိုင်မယ့် စာအုပ် ဖြစ်ပါတယ်။ စာရေးသူတွေ အကြောင်း အပြင် ဘယ်ကမ္ဘာကျော် ပုဂ္ဂိုလ် တွေက ဘယ်လို စာဖတ် သမားတွေ ဖြစ်တယ် ဆိုတာပါ ဒီစာအုပ်ကို ဖတ်ရင်း သိနိုင် ပါတယ်။ ဒီစာအုပ်ထဲမှာ နိုင်ငံတကာက စာရေး ဆရာကြီးေ တွရဲ့ ဓာတ်ပုံ တွေကိုပါ ပြည့်ပြည့် စုံစုံ ဖော်ပြ ပေးထားတာက စာအုပ် စီစဉ် သူရဲ့ ဂရုတစိုက် အားထုတ် မှုကို အသိအမှတ်ြ ပုရမှာပါ။

ဒါ့အပြင် စာရေးဆရာ တိုင်းရဲ့ နာမည် တွေကို သူ့မိခင် ဘာသာ စကားရဲ့ အသံထွက်တွေ အတိုင်း ရအောင် မြန်မာလို အသံ ဖလှယ် ထွက်ပြ ပေးထားတဲ့ နေရာမှာလည်း စာရေးသူ အထူး အားစိုက် ထားတာကို တွေ့ရ ပါတယ်။ ပြီးတော့ အဓိက ကျမ်းကိုး စာရင်း ကိုပါ တွဲပြီး ဖော်ပြ ထားပါတယ်။ ထူးခြားတာ ကတော့ ဒီစာအုပ်ေ နာက်တစ်ကြိမ် ထပ်ထုတ် ဖြစ်ရင် စာဖတ် သူတွေရဲ့ ဝေဖန် အကြံပြုချက်တွေ အတိုင်း လိုတိုး ပိုလျှော့ ပြင်ဆင် သင့်တာ တွေကို လုပ်ပေး သွားမယ် ဆိုတဲ့စာရေးသူရဲ့ အဆိုပါ။ ဒီစာအုပ် ဖတ်ထား ပြီးရင်တော့ ဘယ် စာကြည့်တိုက် ကိုမဆို ဝင်မွှေ နိုင်ပါပြီ။ ဧရာမ စာအုပ် ဆိုင်ကြီးတွေ ရောက်ရင် ဝယ်ချင်တာ များလွန်း သူတွေ အတွက်တော့ ဘယ်နိုင်ငံက ဘယ် စာအုပ်ဆိုင်ကို ရောက်ရင် ဘယ်စာအုပ် ဝယ်သိမ်း သင့်သလဲ ဆိုတာ အချိန် မကုန်ဘဲနဲ့ မြန်မြန် ဆန်ဆန် ရွေးချယ် နိုင်ဖို့နဲ့ တန်ဖိုး ရှိတဲ့ စာအုပ်တွေ စုဆောင်း ဝယ်ယူ နိုင်ဖို့ အသုံးတည့်တဲ့ စာအုပ် ဖြစ်တဲ့ အကြောင်း ဖော်ပြ လိုက်ပါတယ်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလက ဖေမြင့် စာပေက ပထမ အကြိမ် ထုတ်ဝေတဲ့ စာအုပ်ကို ၂ဝ၁ဝ ဇန်နဝါရီလ ထဲမှာ စာရေးသူ ဖေမြင့် ကိုယ်တိုင် စာဖတ်သူ တွေနဲ့ ထိတွေ့ပြီး လက်မှတ်ထိုး ရောင်းချ ထားတဲ့ စာအုပ်ပါ။ တန်ဖိုးကျပ် ၄ဝဝဝ ဖြစ်ပါတယ်။ အချိန်က ရွှေထက် ရှားပါး လှတဲ့ ဒီခေတ်ကြီး ထဲမှာ ဖတ်ဖြစ်အောင် ဖတ်ရမယ့် စာအုပ်တွေကို လက်မလွတ် စေဖို့ပါ။ ပြီးတော့ ဒီစာအုပ်မှာ ပါတဲ့ ကမ္ဘာကျော် စာအုပ် အချို့ကို ကနေ e-Book တွေအဖြစ် ရှာဖွေ ဆွဲချပြီး ဖတ်နိုင်တဲ့ အကြောင်းပါ တစ်ပါတည်း လမ်းညွှန် လိုက်ပါရစေ။

0 comments:

Post a Comment