Tuesday, February 16, 2010

ထိုင်းကွမ်းသီးကြောင့် ရေး၊ ထားဝယ်၊ မြိတ် ကွမ်းသီးခြံ ပိုင်ရှင်များ အရှုံးပေါ်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉

နိုင်ငံအတွင်း လူအများစု၏ လူမူစီးပွားရေး နယ်ပယ် ဖွံ့ဖြိုးရေး အတွက် အထောက်အကူ မပြုသည့် ကွမ်းယာနှင့် ဆက်စပ်ပစ္စည်း ဈေးကွက် အတွင်းသို့ ထိုင်းနိုင်ငံမှ ကွမ်းသီးများ တနင်္သာရီ ဒေသသို့ အလုံး အရင်း နှင့် ၀င်ရောက်လျက် ရှိသောကြောင့် ရေး ၊ ထားဝယ် ၊ မြိတ်တို့ရှိ ကွမ်းသီးခြံ ပိုင်ရှင်များ အရှုံးပေါ် နေကြောင်း ထားဝယ်မြို့မှ ကွမ်းသီး ခြံလုပ်ငန်း ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံမှ ကွမ်းသီးများသည် တနင်္သာရီ ဒေသသို့ လွန်ခဲ့သော သုံးလေးနှစ်ခန့်က စ၍ ပိဿာချိန် ၃ဝ ဝင်အိတ် သိန်း နှင့် ချီ၍ ဝင်ရောက် နေခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် ဒေသခံ ကွမ်းခြံ လုပ်ငန်းရှင်များသည် အရှုံးများ ပေါ်လျက် ရှိခဲ့ရာ ယခု နှစ်တွင် အခြေအနေ ပိုဆိုး လာကြောင်း၊ အဆိုပါ ထိုင်း ကွမ်းသီးများသည် ကော့သောင်း ဒေသထွက် ကွမ်းသီး များဟု ဆိုကာ အခွန် ဆောင်ခြင်း မပြုဘဲ ဈေးကွက် အတွင်း ဈေးလျှော့၍ ရောင်းချ ခြင်းကြောင့် ဒေသခံ ကွမ်းသီးခြံ လုပ်ငန်း ရှင်များ အခက်ေ တွ့ကြုံ နေရခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

''ဈေးကွက် စီးပွားရေး သဘောအရ အပြိုင်အဆိုင် ရှိတာကို ကျွန်တော် တို့လည်း နားလည်တယ်။ ဒါပေမဲ့ ကျွန်တော့်ဆီက ထွက်တဲ့ ပစ္စည်းကို အခွန်ဆောင်ပြီး ပို့တာတောင် သူတို့က လက်ခံတာ မဟုတ်ဘူး ။ သူတို့ဆီက ပစ္စည်းဆိုရင် အောက်လမ်းက ဝင်လာတာ။ အခွန် မဆောင်ရလို့ ဈေးတွေ လျှော့ရောင်းတော့ ကျွန်တော်တို့ ကွမ်းသီးခြံ ပိုင်ရှင်တွေ အခက်တွေ့တာပေါ့။ နောက်ပြီး အစိုးရလည်း အခွန်မရဘူး။ အခွန်ဆောင်ပြီး ဝင်မယ် ဆိုရင် ကျွန်တော်တို့က ပြိုင်ရဲတယ်'' ဟု ထားဝယ်မြို့ရှိ ကွမ်းသီး ရောင်းဝယ်ရေး ဒိုင်မှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

တနင်္သာရီ ဒေသတွင် ကွမ်းသီးများ အောက်တိုဘာလမှ မတ်လအတွင်း ထွက်ရှိလေ့ရှိပြီး ကွမ်းသီး လှိုင်လှိုင် ထွက်သည့် အချိန်၌ ထိုင်း ကွမ်းသီးများ စတင် ဝင်ရောက် လေ့ရှိကြောင်း၊ မြန်မာ ကွမ်းသီးသည် ထိုင်း ကွမ်းသီးထက် အရည်အသွေး ပိုကောင်းပြီး ကျပ် ၅ဝ၊ ၁ဝဝ ဈေးနှုန်း ကွာကြောင်း၊ တနင်္သာရီ ဒေသတွင် ယခင်က ကွမ်းသီး တစ်ပိဿာလျှင် ၂ဝဝဝ ကျပ်ခန့်ရှိပြီး ယခုအခါ ကွမ်းသီး တစ်ပိဿာလျှင် ၁ဝဝဝ ကျပ်ခန့်သာ ဈေးရှိတော့ကြောင်း၊ တနင်္သာရီ ဒေသတွင် နေထိုင် ကြသူများသည် ရော်ဘာ၊ ကွမ်းသီး၊ အုန်းသား၊ သီဟိုဠ် စသည့် လုပ်ငန်းများကို အဓိကထား လုပ်ဆောင် နေကြောင်း တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ကွမ်းသီးခြံ ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment