Tuesday, February 16, 2010

ဘယ်သူ့ကိုပေးမလဲ Happy Gift

တစ်ယောက် နဲ့ တစ်ယောက် လက်ဆောင် ပေးတယ် ဆိုတာ ချစ်စရာကောင်း တဲ့ ဓလေ့ လေးတစ်ခုပါ။ တချို့ တွေက အထိမ်း အမှတ်နေ့ တစ်ခုခု ရှိလို့ ပေးကြတာ၊ တချို့ ကျတော့ ချစ်စရာ ပစ္စည်းလေးတွေ တွေ့တာနဲ့ တစ်ယောက်ယောက် ကို ဝယ်ပေး ချင်တတ်တဲ့ ဝါသနာ ကိုပါလို့ ပေးတာ။ ဘယ် လိုပဲ ဖြစ်ဖြစ် ဒီလို သူတွေ အထောက် အကူ ရအောင် လက်ဆောင်ပေး လို့ကောင်းမယ့် Gift Pack လေး တစ်ခု ညွှန်ပေးမယ်။ ချစ်စရာ ကာတွန်းရုပ် အိတ်ငယ် လေးထဲမှာ Shower Gel နဲ့ Body Lotion တွဲရက်လေး ပါတယ်။

80 ml ပါပြီး ရနံ့လည်း ကောင်းတယ်။ အမျိုးသမီး၊ အမျိုးသား မရွေး ဝယ်ပေးလို့ ရတာပါ။ USA သွင်းတဲ့ ပစ္စည်း ဖြစ်တယ်။ To... From ဆိုတဲ့ ရိုက်နှိက် ပြီးသား ကတ်လေး ပါလို့ သီးသန့် ထုပ်ပိုး နေဖို့လည်း မလိုလို့ လူငယ်တွေ အကြိုက် တွေ့မယ် ထင်တယ်။ အနံ့ အနေနဲ့က ကော်ဖီ ဆန်ဆန် ရနံ့၊ လာဗင်ဒါ၊ ပန်းသီး စသလို မျိုးစုံ ရှိတယ်။ ဈေးနှုန်းက ၆ဝဝဝ ကျပ် ဝန်းကျင်၊ ဝယ်ရမယ့်နေရာ ယုဇန ပလာဇာ ပထမထပ်က လဝန်းရိပ်။

0 comments:

Post a Comment