Thursday, February 18, 2010

တစ်ဖက် နိုင်ငံသို့ အငှား မယား အဖြစ် ရောင်းချရန် စီစဉ်သူကို ဖမ်းဆီး အရေးယူ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ဝ

ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်မှ အမျိုးသမီး နှစ်ဦးကို တစ်ဖက် နိုင်ငံသို့ အဌား မယားအဖြစ် ရောင်းချရန် စီစဉ်သူ အမျိုးသမီးကြီး တစ်ဦးကို ဖေဖော်ဝါရီလ ပထမ အပတ်က ဖမ်းဆီး အရေးယူ ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်း သိရှိ ရပါသည်။

အထက်ပါ ဖမ်းဆီး ခံရသူ အသက် ၄၉ နှစ် အရွယ်ရှိ ကျပန်း လုပ်ကိုင်သူ ဒေါ်သိန်းမြင့်ရီ ခေါ် မှန်ကြောင် သည် မင်္ဂလာဒုံ မြို့နယ်၊ ဂရုဏာ လမ်းတွင် နေထိုင်သည့် အသက် ၂၂ နှစ် အရွယ်ရှိ မအေးအေးမာ နှင့်ညီမ ဖြစ်သူ ၁၈နှစ် အရွယ်ရှိ မချိုချိုလွင် တို့ကို ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီ တွင် မူဆယ်မြို့ ရှိ စတိုးဆိုင် တစ်ဆိုင်တွင် အလုပ် ရမည်ဟု ပြောဆိုကာ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းဝင်းရှိ မန်းရွှေပြည် ကားဂိတ်သို့ ခေါ်ဆောင် ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ကားဂိတ်တွင် အသင့် စောင့်နေသူ ဦးဝင်းနိုင် နှင့် လိုက်သွားရန် ပြော၍ ထို အမျိုးသမီး နှစ်ဦး လိုက်ပါ သွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၅ နာရီ အချိန်တွင် ၄င်းတို့ နှစ်ဦး တစ်ဖက် နိုင်ငံသို့ အငှား မယား အဖြစ် အရောင်းစား ခံရ၍ ထွက်ပြေး လာရာ မူဆယ်မြို့ရှိ တာဝန်ရှိသူ များက ကယ်ဆယ် ထိန်းသိမ်း ခဲ့ကြောင်း၊ ထို အမျိုးသမီး နှစ်ဦးကို တစ်ဖက် နိုင်ငံသို့ အငှား မယား အဖြစ် ရောင်းချရန် ခေါ်ဆောင် သွားသူ ဒေါ်သိန်းမြင့်ရီ ကို မင်္ဂလာဒုံ မြို့နယ် ရဲ တပ်ဖွဲ့ စခန်းက ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး ကျန် တရားခံ ဦးဝင်းနိုင်ကို ဖမ်းဆီးရန် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ယင်း ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လူကုန်ကူးမှု ပြစ်မှု ကျူးလွန်သူ ဒေါ်သိန်းမြင့်ရီ ကို မင်္ဂလာဒုံ မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၅၉/၁ဝ ပုဒ်မ ၃၇၁ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ယင်း ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိရသည်။ မြန်မာ နိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး မူဝါဒ၊ တားဆီး ကာကွယ်ရေး၊ ပြစ်ဒဏ်ချမှတ်ရေး၊ လူကုန်ကူး ခံရသူ များကို စောင့်ရှောက်ရေးတွင် များစွာ တိုးတက် လာကြောင်း၊ မြန်မာ နိုင်ငံသည် မဲခေါင် ဒေသ အတွင်း နိုင်ငံများ အနက် ပထမဆုံး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ထုတ်ပြန်သည့် နိုင်ငံ ဖြစ်ပြီး ယင်း ဥပဒေသည် နိုင်ငံတကာ စံချိန် စံညွှန်းများ၊ ပလာမို ပရိုတိုကော တို့နှင့် အညီ ပြဋ္ဌာန်း ထားခြင်း ဖြစ်ကြောင်း၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူး ရဲတပ်ဖွဲ့များ ဖွဲ့စည်းသည့် ပထမဆုံး နိုင်ငံလည်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ ဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Mr.Bishow B.Parajuli က ဇန်နဝါရီလ ၂၂ရက်တွင် ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ပြုလုပ်သော သတ္တမ အကြိမ် မဲခေါင် ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေးတွင် ပြောကြားသည်။

၂ဝဝ၉ ခုနှစ်အတွင်း အသက် ၁၈နှစ် အရွယ်များ အပါ အဝင်လူကုန်ကူး ခံရသူ ၃ဝဝ ကို မြန်မာ နိုင်ငံသို့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ လွှဲပြောင်း ပေးခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက် အရ သိရ (သတင်း ဖော်ပြပြီးThe VoiceWeekly Vol-6/ No-13) သည်။

0 comments:

Post a Comment