Tuesday, February 16, 2010

CDMA 800 MHz ငါးသိန်းတန်ဖုန်း ချထားပေး အရေအတွက် နည်းပါး သောကြောင့် မြို့နယ် သုံးမြို့နယ် အထိယူဆောင် အ သုံးပြု နိုင်ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရန်ကုန်မြို့တော် နှင့် မန္တလေးမြို့တော် တို့တွင် ငှားရမ်း အသုံးပြုခွင့် ပေးနေသော ကျပ်ငါးသိန်း တန်ဖိုးရှိ CDMA 800 MHz ဖုန်းများသည် ငှားရမ်း အသုံးပြုခွင့် ပေးသော အရေ အတွက် နည်းပါး နေသောကြောင့် သတ်မှတ် ထားသော မြို့နယ်နှင့် နီးစပ်သော မြို့နယ် သုံးမြို့နယ် အထိ ယူဆောင် အသုံးပြု နိုင်ကြောင်း Elite Tech IT Services Co., Ltd .မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''မြို့နယ် အစုံ မကျသေးတော့ လိုင်းက ချောင်နေ တာပေါ့။ နောက်ပိုင်း မှာတော့ လိုင်းတွေ ကျုံ့သွားမှာ။ အဲဒီအချိန်မှာ ရတော့မှာ မဟုတ်ဘူး'' ဟု ၄င်းက ဆိုသည်။ အဆိုပါ ဈေးကွက် အခေါ် ငါးသိန်းတန် အထိုင် ဖုန်းများသည် လက်ရှိတွင် သတ်မှတ် ထားသော မြို့နယ် များအတွင်းသာ အထိုင်ဖုန်းများအဖြစ် အသုံးပြု နိုင်ရန် ထုတ်ပေး ထားသော်လည်း သတ်မှတ်ထားသောမြို့နယ် အပြင် အဆိုပါမြို့ နယ်နှင့် နီးစပ်သော မြို့နယ်များ အထိ သယ်ဆောင် အသုံးပြုနိုင် နေကြောင်း ဒေါပုံမြို့နယ် အတွင်း နေထိုင်သူ အဆိုပါ ဖုန်းအသုံးပြု နေသူ တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ဆီမှာ မြို့နယ်တစ်ခုနဲ့ တစ်ခုက ကျဉ်းလို့လားတော့မသိဘူး။ သတ်မှတ်ထားတဲ့မြို့နယ်အပြင် အခြား မြို့နယ်မှာပါ ရနေတယ်''ဟု မန္တလေးမြို့နယ် အတွင်းရှိ အဆိုပါဖုန်း အသုံးပြုသူ တစ်ဦးက ဆိုသည်။ ယင်း CDMA 800 MHz ဖုန်း များကို ရန်ကုန်မြို့တွင် အလုံးရေ ငါးထောင်နီးပါးနှင့် မန္တလေးမြို့တွင် အလုံးရေ လေးထောင်ခန့် ငှားရမ်းအသုံး ပြုခွင့် ပေးထားပြီး ဖြစ်ကြောင်း၊ ရန်ကုန် မြို့တွင်း သတ်မှတ် ထားသော အလုံးရေ ပြည့်မီရန် အသုတ်လိုက် ငှားရမ်းအသုံး ပြုခွင့် ပေးနေကြောင်း၊ အဆိုပါ ဖုန်းများကို ဌာနဆိုင်ရာမှ လျှောက်ထားသူ များကို ပထမ ဦးစားပေး ငှားရမ်းအသုံး ပြုခွင့် ပေးလျက် ရှိပြီး လျှောက်ထားသူတိုင်း ရရှိစေရန် ငှားရမ်း အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

0 comments:

Post a Comment