အဖွဲ့ဝင် ၁ဝ နိုင်ငံ ရှိသည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) နှင့် အာဆီယံ၏ မိတ်ဖက် အရှေ့ အာရှ နိုင်ငံများ စုပေါင်း၍ အနောက် အုပ်စုဝင် နိုင်ငံများ၏ သြဇာ လွှမ်းမိုး နေမှု များကို တန်ပြန် စိန်ခေါ် ခြိမ်းခြောက် ရန် လိုအပ် နေပြီ ဖြစ်ကြောင်း မလေးရှား နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် ၏ ပြောကြားချက်ကို မလေးရှား အစိုးရပိုင် ဘနားမား မီဒီယာက သတင်း ဖော်ပြသည်။ အာဆီယံ နိုင်ငံများ နှင့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် နိုင်ငံ တို့၏ နိုင်ငံတကာ ကုန်သွယ်ရေး ကဏ္ဍ အပေါ် ပေါင်းစည်း ခြိမ်းခြောက် နိုင်မှု စွမ်းအားသည် အနောက် အုပ်စုဝင် နိုင်ငံများ အတွက် အခက် အခဲများ ကြုံတွေ့လာစေနိုင်ကြောင်း၊ ခြိမ်းခြောက် စိန်ခေါ် မှုများကို မဖြစ်မနေ လုပ်ဆောင် သင့်ကြောင်း ဒေါက်တာ မဟာသီက ဆိုသည်။မလေးရှား နိုင်ငံတွင် နိုင်ငံရေး ပြဿနာများ ရှိနေခြင်း နှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးဟု ဥရောပ မီဒီယာများက သတ်မှတ်ခြင်း ခံထားရသူ မစ္စတာ မဟာသီသည် မလေးရှား နိုင်ငံရှိ နိုင်ငံတကာ အစ္စလာမ် မစ်ယူနီ တက္ကသိုလ်တွင် ပြုလုပ်သည့် ကွန်ဖရင့် တစ်ခု၌ အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ အာဆီယံ နိုင်ငံ များသည် အိုင်ဒီယာ အသစ်များ ဖော်ထုတ် အလုပ်လုပ် နိုင်ခြင်း မရှိပါက အနောက် အုပ်စုဝင် နိုင်ငံများနှင့် ယှဉ်ပြိုင် နိုင်လိမ့်မည် မဟုတ်ဟု မဟာသီက ပြောကြား လိုက်ကြောင်း Bernama မီဒီယာက ဖော်ပြသည်။ အိုင်ဒီယာ အသစ်တိုင်းသည် အနောက် အုပ်စု မှသာ ပေါ်ထွက် လာလေ့ ရှိကြောင်း၊ ကိုယ်ပိုင် အိုင်ဒီယာ အသစ်များ ဖန်တီး နိုင်မှု မရှိလျှင် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း ဒေါက်တာမဟာသီက ထပ်လောင်း ပြောကြားသည်။
0 comments:
Post a Comment