Tuesday, February 16, 2010

ကွန်မြူနစ် စနစ်ကို ထိခိုက်မည့် ကြိုးပမ်းချက် မှန်သမျှ စစ်ရေးဖြင့် တုံ့ပြန်မည်ဟု မြောက်ကိုရီးယားက တောင်ကိုရီးယား ကို ခြိမ်းခြောက်

ဆိုးလ်၊ ဖေဖော်ဝါရီ ၉

မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံတော်ကို ဖြုတ်ချရန် ရည်ရွယ်သည့်  တောင်ကိုရီးယား၏ မည်သည့် ကြိုးပမ်းမှု မဆို စစ်ရေး အရ ပြင်းထန်စွာ တုံ့ပြန် သွားမည်ဟု မြောက်ကိုရီးယား အစိုးရက ထုတ်ဖော် သတိပေး လိုက်ကြောင်း BBC သတင်း အရ သိရိ ရသည်။မြောက်ကိုရီးယား အစိုးရသည် ဆိုးလ်၊ ဝါရှင်တန် နှင့် ဘေဂျင်း စသည့် နိုင်ငံများ နှင့် သံတမန် ဆက်ဆံရေး ထူထောင်ရန် ခြေလှမ်းများ စတင် နေပြီ ဖြစ်သည့်တိုင် ယင်းသို့ ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ စစ်လက်နက် တပ်ဆင် ထားသည့် တပ်ဖွဲ့ များကို ထုတ်ဖော် ပြသခြင်း မရှိ သေးသော်လည်း မြောက်ကိုရီးယား ပြည်သူ နှင့် နိုင်ငံတော် လုံခြုံရေး ဝန်ကြီး ဌာနက တောင်ကိုရီးယား နိုင်ငံကို ခြိမ်းခြောက်သည့် ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ ကြေညာချက် စာတမ်း အရ မြောက်ကိုရီးယား သည် မိမိ နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်တပ် အင်အား တိုးချဲ့ စုရုံးလျက် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားသည် မိမိ အချုပ် အခြာ အာဏာကို ထိပါး စော်ကားမှု၊ ညီညွတ်ရေး ပျက်ပြားအောင် လုပ်ဆောင် မှုနှင့် ငြိမ်းချမ်းရေး ထိပါး စေမည့် ကြိုးပမ်းမှု အပါအဝင် ဆိုရှယ်လစ် စနစ်၏ ဂုဏ်သိက္ခာကို ထိခိုက် စေမှုများ အားလုံးကို စစ်ရေး အရ အပြည့် အဝ တုံ့ပြန် သွားမည် ဖြစ်သည်ဟု အဆိုပါ ကြေညာချက်က ဖော်ပြသည်။ APသတင်းဌာန အဆို အရ တရုတ်နိုင်ငံ၏ အထူး သံတမန် နှင့် မြောက်ကိုရီးယား အရာရှိကြီးများ ပြုံယမ်းမြို့တွင် နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး ဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ နှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေး နေသည့် အချိန်တွင် အဆိုပါ ကြေညာချက် ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။

တရုတ်ကွန်မြူနစ် ပါတီ၏ ထိပ်တန်း အရာရှိ တစ်ဦးဖြစ်သော WangJiarui သည် မြောက်ကိုရီးယား အလုပ်သမား ပါတီမှ စီနီယာ အရာရှိ Choe Thae Bok နှင့် ပြုံယမ်း မြို့တော်တွင် တွေ့ဆုံ ခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံ ပွဲတွင် တရုတ်နိုင်ငံ သည် မြောက်ကိုရီးယားနှင့် အပြန် အလှန် ချစ်ကြည် ရင်းနှီးမှု တစ်ရပ်ကို မြှင့်တင် သွားလို ပါသည် ဟု မစ္စတာ Wang က မစ္စတာ Choe ကို ပြောဆို ခဲ့ကြောင်း Xinhua သတင်းက ဖော်ပြ ပါရှိသည်။

သို့သော် Xinhua ၏ သတင်း ရေးသား ဖော်ပြချက်တွင် နျူကလီးယား နှင့် ပတ်သက်သော အရေး ကိစ္စများ ပါဝင်ခြင်း မရှိပေ။ Korea Cable TV Network ၏ သတင်း ပေးပို့ချက် အရ မစ္စတာ Wang သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် နှင့် တွေ့ဆုံကာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ နှင့် ပတ်သက် ပြီးညှိနှိုင်း ပြောဆို ဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် မစ္စတာ Wang သည် တရုတ် သမ္မတ ဟူကျင်တောင်က ပေးပို့သော သတင်း စကားကို ကင်ဂျုံအီလ်ထံ သို့ပေးပို့ရန် ရည်မှန်းချက် ရှိပုံ ရသည် ဟုတောင်ကိုရီးယား သတင်းစာ ChosunIlbo က ရေးသား ဖော်ပြသည်။ အဆိုပါ သတင်းစာ ရေးသားချက် အရ ပြုံယမ်း အစိုးရသည် တရုတ်နိုင်ငံ ထံမှ စီးပွားရေး အကူအညီ အထောက်အပံ့ ရရှိရန် အလို့ငှာ နျူကလီးယား ဖြုတ်သိမ်းရေး အတွက် တိုးတက် ဖြစ်ထွန်း မှုများ ထုတ်ဖော် ပေးလိုသည့် အနေ အထားတွင် ရှိကြောင်း သိရသည်။

တရုတ် သံတမန် ရောက်ရှိ နေသည့် ရက်သတ္တတစ်ပတ် အတွင်း မှာပင် ကုလသမဂ္ဂ ဆိုင်ရာ နိုင်ငံရေး အကြီးအကဲ B Lynn Pascoe လည်း ပြုံယမ်း သို့သွားရောက် ခဲ့သည်ဟု ယင်းသတင်း ကဆိုသည်။ မြောက်ကိုရီးယား သည်ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် အတွင်း ဒုံးကျည် စမ်းသပ် ပစ်လွှတ် ခဲ့ရာ နိုင်ငံတကာ၏ ပြစ်တင် ပြောဆိုမှုကို ခံခဲ့ရပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲ စကား ဝိုင်းမှ နုတ်ထွက် ခဲ့သည်။ ထို့နောက် မကြာမီ မှာပင် နျူကလီးယား စမ်းသပ် မှုများ၊ တိုက်ချင်း ပစ်ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုများကို ဆက်တိုက် ဆိုသလို ပြုလုပ် ခဲ့သည့် အပြင် ပလူတိုနီယံ စမ်းသပ် ထုတ်လုပ် မှုများ ကိုလည်း ပြန်လည် စတင်ခဲ့သည်။

0 comments:

Post a Comment