Tuesday, February 16, 2010

နယ်လ်ဆင်မင်ဒဲလား လွတ်မြောက်မှု နှစ် (၂ဝ) ပြည့် ညစာ စားပွဲ ကျင်းပ

ဂျိုဟန်နက်စ်ဘတ် ၊ ဖေဖော်ဝါရီ ၆

ကမ္ဘာေ ပ်ါတွင် နှစ်စဉ် လူသတ်မှု အများဆုံး ဖြစ်ပွား နေသော နိုင်ငံ ဖြစ်သည့် တောင်အာဖရိက နိုင်ငံ၏ ပထမဆုံးသော လူမည်း သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်မြောက် ခဲ့မှု နှစ်(၂ဝ) ပြည့် အထိမ်း အမှတ် ညစာ စားပွဲကို ဂျိုဟန်နက်စ်ဘတ် မြို့ရှိ ၄င်း၏ နေအိမ်တွင် ပြုလုပ်ကြောင်းThe Guardian သတင်း မီဒီယာက ဖော်ပြသည်။

တောင်အာဖရိက နိုင်ငံတွင် လူဖြူများ ကြီးစိုး အုပ်ချုပ်မှုကို တော်လှန်ကာ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာ စေရန် ကြိုးပမ်းခဲ့သူ အသက် ၉၁ နှစ် အရွယ်ရှိ မစ္စတာ မင်ဒဲလားမှာ ၄င်းကို ၂၇ နှစ်ကြာ ထိန်းသိမ်း ချုပ်နှောင် ထားရာ ရော်ဘင်ကျွန်း အကျဉ်း ထောင်မှ ၁၉၉ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လွတ်မြောက် ခဲ့သူ ဖြစ်သည်။ အဆိုပါ ညစာစားပွဲသို့ ၄င်းနှင့် ထောင်တွင်း၌ မိတ်ဆွေဖြစ်ခဲ့သူ ခရစ္စတိုဘရန်းအား မင်ဒဲလားက ဖိတ်ကြား ထားသည်။ မိမိ အကျဉ်းစံ နေရစဉ် ကာလများ အတွင်း ခရစ္စတိုဘရန်း သည် မိမိကို စိတ်ဓာတ် မြင့်မား လာစေရန် နှင့် ယုံကြည် ချက်များ ပိုမို ခိုင်မာ အားကောင်း လာစေရန် ကူညီ ပံ့ပိုး ပေးခဲ့ကြောင်း၊ ခရစ္စတိုဘရန်း အပြင် မိမိ၏ ဇနီးဟောင်း ဝင်နီမင်ဒဲလား ကိုပါ ညစာ စားပွဲသို့ လာရောက်ရန် ဖိတ်ကြား ထားကြောင်း၊ ဝင်နီမင်ဒဲလား နှင့် သမီး ဖြစ်သူ ဇင်ဒီဇီမင်ဒဲလား တို့လည်း ရောက်ရှိ လာ၍ အလွန် ဝမ်းသာ မိကြောင်း ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် မင်ဒဲလားက ပြောကြားသည်။

မိမိသည် နိုင်ငံရေး သမား ဘဝတွင် စိုးရိမ် သောက ရောက်မှု များစွာ ကြုံတွေ့ ခဲ့ရသူ ဖြစ်သော်လည်း ယခု အချိန်တွင် မိမိ၏ စိတ် အတွင်း၌ တည်ငြိမ် အေးချမ်းလျက် ရှိကြောင်း မစ္စတာ မင်ဒဲလားက ထပ်လောင်း ပြောကြားသည်။ မင်ဒဲလား ၏ သမီး ဖြစ်သူ ဇင်ဒီဇီမှာ မင်ဒဲလား ထောင်မှ လွတ်မြောက်လာ ခဲ့ပုံ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား ဖြစ်သည့် Conversations About That Day ကို ရုံတင် ပြသရန် စီစဉ် လျက်ရှိသည်။

0 comments:

Post a Comment