Tuesday, February 16, 2010

သီရိလင်္ကာ တပ်မတော် အကြီးအကဲဟောင်း ကို ဖမ်းဆီးမှု ကုလသမဂ္ဂ စိုးရိမ်

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

သီရိလင်္ကာ နိုင်ငံတွင် ဇန်နဝါရီလ ၂၆ ရက်က ပြုလုပ်ခဲ့သော သမ္မတ ရွေးကောက် ပွဲ၌ လူထု ထောက်ခံမဲ ၄ဝ ရာခိုင်နှုန်း ရရှိ ခဲ့သော်လည်း အရေး နိမ့်ခဲ့သူ တပ်မတော် အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာ ကို တည်ဆဲ အစိုးရက စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည်ဟူသော စွတ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ထားမှု အပေါ် ကုလသမဂ္ဂ အနေနှင့် အလွန် စိုးရိမ် မကင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ဖော် ပြောကြားသည်။

မစ္စတာ ဖွန်ဆီကာကို ရွေးကောက်ပွဲ အနိုင်ရသူ လက်ရှိ သမ္မတ မာဟင်ဒါရာဇာပါကဆာ၏ ညွှန်ကြားချက်အရသီရိ လင်္ကာပါလီမန်က အမိန့် ထုတ်ပြန် ဖမ်းဆီး ထိန်းသိမ်း ထားခြင်း ဖြစ်ရာ အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ သမ္မတ မာဟင်ဒါ နှင့် မိမိတို့ တိုက်ရိုက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ သီရိလင်္ကာ နိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ် မှုများ ထပ်မံ ဖြစ်ပေါ် မလာ စေလိုကြောင်း၊ ဖွန်ဆီကာ၏ လုံခြုံရေး နှင့် ရပိုင်ခွင့်များ အပြည့် အဝ ရရှိရေး အတွက် သမ္မတ မာဟင်ဒါ၏ အစိုးရက တာဝန် ခံမှုများ ပြုလုပ် စေလိုကြောင်း၊ သီရိလင်္ကာ နိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး နှင့် အမျိုးသားရေးပြန်လည် သင့်မြတ်မှု ရှိရန် အရေးကြီးသည်ဟု မိမိ ယူဆ ထားကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်။ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာသည် ရွေးကောက်ပွဲ ကာလ အတွင်း သမ္မတ မာဟင်ဒါ၏ အဓိက ပြိုင်ဘက် သမ္မတလောင်း တစ်ဦး အဖြစ် ရပ်တည် ခဲ့သူ ဖြစ်ပြီး အထိန်းသိမ်း မခံရခင်က စစ်ရာဇဝတ်မှုများ ကျူးလွန် ထားသူသည် မိမိ မဟုတ်ဟု ကိုလံဘိုမြို့၌ မီဒီယာ များကို ပြောကြား ခဲ့သူဖြစ်သည်။

ဖွန်ဆီကာမှာ ခွဲထွက်ရေး ဝါဒီ တမီးလ်ကျား တပ်ဖွဲ့ တစ်ခုလုံးကို သီရိလင်္ကာ တပ်မတော်က အမြစ်ဖြတ် ချေမှုန်းစဉ် ကာလ အတွင်း စစ်ရေး မဟာဗျူဟာများ ချမှတ် ခဲ့သူ ဖြစ်ပြီး စစ်မြေပြင် ကွပ်ကဲရေး တာဝန် ယူခဲ့သူ ဖြစ်၍ ပြည်တွင်းစစ် ကာလ အတွင်း ဖြစ်ပေါ်ခဲ့သော စစ်ရာဇဝတ် မှုများ နှင့် စပ်လျဉ်း၍ ဖွန်ဆီကာ၌ တာဝန်ရှိကြောင်း သီရိလင်္ကာ အစိုးရ အဖွဲ့က သတင်း ထုတ်ပြန်သည်။ AP သတင်း ဖော်ပြချက် အရ သီရိလင်္ကာရှိ အတိုက်အခံ နိုင်ငံရေး ပါတီ များသည် ဖွန်ဆီကာကို ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ် ပေးရန် သမ္မတ မာဟင်ဒါကို တောင်းဆိုလျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment