Tuesday, February 16, 2010

ကော်စတာရီကာတွင် ပထမဆုံး အမျိုးသမီး သမ္မတ အဖြစ် ရွေးကောက် ခံရ

စိန်ဂျို့(စ်)၊ ဖေဖော်ဝါရီ ၈

ကော်စတာရီကာ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ် ကျင်းပ ခဲ့ရာ အမျိုးသမီး သမ္မတလောင်း တစ်ဦး ပထမဦးဆုံး အမျိုးသမီး သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ ရကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြ ထားသည်။ ဖေဖော်ဝါရီလ ၇ ရက် တနင်္ဂနွေနေ့ တွင်ပြုလုပ် ခဲ့သော ဆန္ဒ မဲပေး ပွဲ၏ ရလဒ် များကြောင့် အမျိုးသမီး သမ္မတလောင်း လော်ရာချင်ချီ လာသည် အဓိက ပြိုင်ဘက် ဖြစ်သူ အော့တွန်ဆိုလစ်စ်ကို အနိုင် ပြတ်သား သွားကြောင်း ထိုသတင်းက ဆိုသည်။ ၄၇ ရာခိုင်နှုန်း၏ မဲပေးမှုတွင် မစ္စစ်ချင်ချီလာသည် အနိုင်ရရန် လိုအပ်သော ၂ဝ ရာခိုင်နှုန်းကိုရရှိထားရာ အနိုင်ရရှိရန် သေချာသလောက်ရှိသွားပြီဖြစ်သည်။


အသက် ၅ဝ နှစ်အရွယ် လော်ရာချင်ချီယာသည် လက်ရှိ သမ္မတ အော်စကာအရီယပ်စ် ၏ ဒုတိယ သမ္မတ ဖြစ်ပြီး ၄င်းက လွတ်လပ်သော ဈေးကွက် စီးပွားရေး ပေါ်လစီကို ဆက်လက် ကျင့်သုံးမည်ဟု ကြွေးကြော်ရင်း ရွေးကောက်ပွဲ ဝင်ခဲ့သူ ဖြစ်သည်။ ယခင် ရွေးကောက်ပွဲက လက်ရှိ သမ္မတ အော်စကာအရီးယပ်စ် ကို ရာခိုင်နှုန်း အနည်းငယ်ဖြင့် ကပ်ရှုံး ခဲ့သော မစ္စတာ အော်တွန်ဆိုလစ်စ် သည် ယခု ယှဉ်ပြိုင်ပွဲ ၌လည်း မစ္စစ်ချင်ချီယာ အနိုင်ရ သွားပြီ ဖြစ်ကြောင်း ကြေညာ လိုက်သည်။


'လေးစားမှု များစွာနဲ့ အတူ အမှန် တရားကို ကျွန်တော် လက်ခံ လိုက်ပါတယ်'ဟု အော်တွန်ဆိုလစ်စ်က ၄င်းကိုေ ထာက်ခံ သူများ၏ ရှေ့မှောက်တွင် ပြောကြားသည်။ လက်ရှိ သမ္မတ အော်စကာအရီယပ်စ် နှင့် လော်ရာချင်ချီလာ တို့ အလွန် ရင်းနှီး သောကြောင့် အစိုးရ၏ ပေါ်လစီများကို မစ္စတာ အရီယပ်စ်က နောက်ကွယ်မှ လွှမ်းမိုး နိုင်ကြောင်း ဝေဖန် ချက်များက ဆိုသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွား စီးပွား မြှင့်တင် နိုင်ခြင်း တို့ကို ပြုလုပ် နိုင်ခဲ့သော သမ္မတ အရီယပ်စ်သည် နိုဘယ်လ် ဆုရှင် တစ်ဦးလည်း ဖြစ်သည်။


0 comments:

Post a Comment