Tuesday, February 16, 2010

အာရပ် ကမ္ဘာကို အစ္စရေး နေ့စဉ် ခြိမ်းခြောက် နေကြောင်း လက်ဘနွန် ဝန်ကြီးချုပ် ဆို

ဘေရွတ်၊ (လက်ဘနွန်) ၊ ဖေဖော်ဝါရီ ၁ဝ

အစ္စရေး၏ ခြိမ်းခြောက်မှုမှာ အရှေ့ အလယ် ပိုင်း၌ တဖြည်းဖြည်း မြင့်တက် လျက် ရှိကြောင်း လက်ဘနွန် ဝန်ကြီးချုပ် ဆာဒက်ဒ်ဟာရီရီက BBC နှင့် တွေ့ဆုံစဉ် ပြောကြား သွားသည်။ ''အစ္စရေး တိုက်လေယာဉ် တွေဟာ နေ့စဉ် လက်ဘနွန် လေပိုင် နက်ထဲမှာ ဝင်ပြီး ပျံသန်း နေပါတယ်။ နောက်ထပ် စစ်ပွဲ အတွက် ကျွန်တော်တို့ စိုးရိမ် ပါတယ်''ဟု ဝန်ကြီးချုပ် ဆာအက်ဒ် ဟာရီရီက ဆိုသည်။ လက်ဘနွန် နှင့် ၄င်း၏ အိမ်နီးချင်း ဆီးရီးယားကို အစ္စရေး၏ ခြိမ်းခြောက် နေမှုသည် မှားယွင်း မှုကြီး တစ်ရပ်ဖြစ်ကြောင်း ဝန်ြကီး ချုပက် ဝေဖန် သွားသည်။ လက်ဘနွန် ဝန်ကြီးချုပ်၏ အဆိုပါ မှတ်ချက်ကြောင့် နောက်ထပ် ထိပ်တိုက် တွေ့ဆုံ မှုများ ဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဘေရွတ်မြို့တော်ရှိ ဘီဘီစီ သတင်းထောက် နာတာလီယာ အန်တီလာဗာက ပြောကြားသည်။
လွန်ခဲ့သည့် နှစ်လ အတွင်းက လေကြောင်း နှင့် ပိုင်နက်ဆိုင်ရာ ကိစ္စ တွေကို ကြည့်ခြင်းဖြင့် အစ္စရေး၏ ဗိုလ်ကျ စိုးမိုးရန် ကြိုးစား မှုကို တွေ့နိုင်ကြောင်း အဆိုပါ လက်ဘနွန် ခေါင်းဆောင်က ဆိုသည်။ လက်ဘနွန် အစိုးရ အနေဖြင့် ဟစ်ဇ်ဘိုလာ ပြောက်ကျား များ၏ နောက်မှ ဆက်လက် ရပ်တည် ပေးသွားမည် ဖြစ်ကြောင်း ကိုလည်း ထပ်လောင်း ပြောကြားသည။်
'' အစ္စရေးကိုဆက်လက် ဆန့်ကျင်မှာပါ။ အစ္စရေး ပြည်သူတွေဘက်က ရပ်တည်သွားမှာပါ'' ဟု ၄င်းက ထပ်လောင်း ပြောကြားသည် လက်ဘနွန်သည် အစ္စရေးကို ဆန့်ကျင် တိုက်ခိုက်လျက် ရှိသော ဟစ်ဇ်ဘိုလာ ပြောက်ကျား များကို လက်ခံထား သည့် နိုင်ငံဖြစ်သည်။

0 comments:

Post a Comment