Tuesday, February 16, 2010

နိုင်ငံ သားများ ကာကွယ် ပေးရေး အင်ဒို - တောင်ကို ရီးယား နားလည်မှု စာချွန်လွှာထိုး

ဂျကာတာ၊ ဖေဖော်ဝါရီ ၆

တောင်ကိုရီးယား နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ အကြား နိုင်ငံသားများ အပြန် အလှန် ကာကွယ် ပေးရေး သဘောတူ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ကြောင်း Jakarta Post သတင်း မီဒီယာ က ဖော်ပြသည်။ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တွင် ပြုလုပ်သော အဆိုပါ နားလည်မှု စာချွန်လွှာ ရေးထိုး မှုတွင် အင်ဒိုနီးရှား အစိုးရကို ကိုယ်စား ပြု၍ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဌာန အကြီး အကဲ အန်တိုနီယပ်စ်ဆူဂျာတာက လည်းကောင်း၊ တောင်ကိုရီးယားအစိုးရကို ကိုယ်စား ပြု၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး နှင့် ပြည်သူ့ အခွင့် အရေးများ စောင့်ရှောက်ရေးကော်မရှင် အကြီး အကဲ လီဂျီးအိုက လည်းကောင်း လက်မှတ် ရေးထိုး ကြခြင်း ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံတွင် ရောက်ရှိ နေသော အင်ဒိုနီးရှား အလုပ်သမား ၃ဝ,ဝဝဝ ဝန်းကျင် အတွက် လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံ၌ ရှိနေသော တောင်ကိုရီးယား နိုင်ငံသား ၃၂,ဝဝဝ ခန့် အတွက် လည်းကောင်း ကောင်းကျိုးများ ရှိစေမည့် စာချုပ် ချုပ်ဆို နိုင်ခြင်း အတွက် မိမိတို့ ဂုဏ်ယူကြောင်း ဆူဂျာတာ နှင့် လီဂျီးအို တို့က ပြောကြားသည်။

အဆိုပါ စာချွန်လွှာ အရ အင်ဒိုနီးရှားရှိ တောင်ကိုရီးယား နိုင်ငံ သားများသည် အင်ဒိုနီးရှား လူ့အခွင့် အရေး ကာကွယ် စောင့်ရှောက်ရေး ဌာနသို့ လိုအပ်ချက်များ တင်ပြ တိုင်ကြား နိုင်မည် ဖြစ်ကာ တောင်ကိုရီးယား နိုင်ငံရောက် အင်ဒိုနီးရှား နိုင်ငံသားများ သည်လည်း အလားတူ လုပ်ဆောင် ခွင့် ရရှိမည် ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံတွင် တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းပေါင်း ၁၃ဝဝ ခန့် ရင်းနှီး မြှုပ်နှံ လုပ်ငန်း လည်ပတ် လျက်ရှိသည်။ တောင်ကိုရီးယား နိုင်ငံသည် ဗီယက်နမ် နိုင်ငံ နှင့်လည်း အလားတူ စာချွန်လွှာ လက်မှတ် ရေးထိုးမှု ပြုလုပ် ဦးမည်ဖြစ်ကာ ထိုင်း၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့နှင့် နှစ်နိုင်ငံ နိုင်ငံသားများ အပြန် အလှန် စောင့်ရှောက်ရေး သဘောတူ စာချွန်လွှာ ရေးထိုး ထားပြီး ဖြစ်သည်။

0 comments:

Post a Comment