Tuesday, February 16, 2010

အဝလွန် ကလေး ငယ်များ အတွက် သမ္မတ ကတော် မီရှယ်အိုဘားမား ကျန်းမာရေး လှုပ်ရှားမှု စတင်

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၀

မေရိကန် ကလေးများ အဝလွန်ခြင်း ပြဿနာ ကို ဖြေရှင်း နိုင်ရေး အတွက် အမေရိကန် သမ္မတ ကတော် အိုဘားမားက နိုင်ငံအနှံ့ လှုပ်ရှားမှု တစ်ရပ် ပြုလုပ်လျက် ရှိကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြ ထားသည်။ အမေရိကန် ပြည်ထောင်စုတွင် ကလေး သုံးဦး အနက် တစ်ဦးမှာ အဝလွန် လျက်ရှိရာ အဆိုပါ ပြဿနာ သည် နိုင်ငံတော်၏ အနာဂတ် အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း သမ္မတ ကတော်က သတိပေး ပြောကြား သည်။ မျိုးဆက် တစ်ခု အတွင်း ၌ပင် ကလေးများ အဝလွန်ခြင်း ပြဿနာ ကို အပြီးတိုင် ဖြေရှင်း လိုကြောင်း သူမက ဆိုသည်။ Let's Move Campaign ဟု အမည် ပေးထားသော အဆိုပါ လှုပ်ရှား မှုဖြင့် အမေရိက ရှိ အာဟာရ တန်ဖိုး ပြည့်ဝစွာ မရရှိ သေးသော ဒေသ ကျောင်းများ မှ ကလေးငယ် များကို အာဟာရ တန်ဖိုး မြှင့်တင် ပေးမည် ဖြစ်ကာ ကျန်းမာစွာ စားသောက် နေထိုင်ခြင်း ကိုလည်း ကလေးများ အား နားလည် စေရန် ရှင်းပြ မည်ဟု အဆိုပါ သတင်း အရ သိရသည်။

''အမေရိက တစ်ဝန်းလုံးက ကျွန်မရဲ့ သားသမီးတွေ အားလုံးကို တန်းတူ ကစား ခုန်စား မှုနဲ့ ပုံသဏ္ဌာန်၊ ကိုယ်လုံး ကိုယ်ပေါက် ရှိစေ ချင်ပါတယ်'' ဟု မစ္စစ် အိုဘားမားက USA Today ကို ပြောကြား သည်။ ကလေး အာဟာရ မြှင့်တင်ရေး အတွက် သမ္မတ အိုဘားမားက လွှတ်တော်၌ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ တောင်းဆို ထားသည်။ နောက် မျိုးဆက် ကလေး ငယ်များသည် အဝလွန် ပြဿနာ နှင့် အခြား ပြဿနာ များကြောင့် ¤င်းတို့၏ မိဘများ ထက် အသက် တိုကြဖွယ် ရှိကြောင်း ခန့်မှန်း ချက်များ ထွက်ပေါ် နေသည်။

''ကျွန်မ သမီး တွေတောင် ကိုယ်အလေးချိန် တက်လာလို့ သူတို့ကို တနင်္လာ ကနေ သောကြာ အထိ ကိုယ်လက် လှုပ်ရှားမှု မလုပ်ဘဲ TV ရှေ့ ထိုင်နေတာကို ခွင့်ပြု မထား ပါဘူး'' ဟု သမ္မတ ကတော်က ဆိုသည်။

0 comments:

Post a Comment