Tuesday, February 16, 2010

မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ ခေါင်းဆောင် များ အီဂျစ် အစိုးရ ဖမ်းဆီး

ကိုင်ရို ၊ ဖေဖော်ဝါရီ ၈

အီဂျစ် နိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားလျက် ရှိသော မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်များ ကို အီဂျစ် အစိုးရက ဖမ်းဆီး လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည။် အီဂျစ် အစိုးရ ဖမ်းဆီးခြင်းကို ခံရ သူများတွင် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ ဒုတိယဥက္ကဋ္ဌ မာမွတ် အီဇတ် ပါဝင်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားသည်။ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့သည် အီဂျစ် နိုင်ငံတွင် တရားမဝင် အဖွဲ့ အစည်း ဖြစ်သော်လည်း ယင်း အဖွဲ့ဝင်များ မှာ တစ်သီး ပုဂ္ဂလ အဖြစ် ဝင်ရောက် အရွေး ခံ၍ အီဂျစ် ပါလီမန်တွင် အမတ်နေရာ အများ အပြား ရရှိ ထားသည်။ ယခုကဲ့သို့ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင် များကို ဖမ်းဆီးခြင်းသည် ယခုနှစ် နှောင်းပိုင်း တွင် ကျင်းပမည့် ရွေးကောက် ပွဲတွင် ¤င်းတို့၏ အင်အား မကောင်း စေရန် ဖိနှိပ်ခြင်း ပင်ဖြစ်ကြောင်း ယင်း အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကပြော ကြားသည်။

အီဂျစ် နိုင်ငံတွင် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့၏ လှုပ်ရှား မှုများကို ၁၉၅၄ ခုနှစ်မှ စတင်၍ အစိုးရက ပိတ်ပင် ထားပြီး ယင်းအဖွဲ့ ခေါင်းဆောင် များကို အီဂျစ် အစိုးရက မကြာခဏ ဖမ်းဆီးလေ့ ရှိသည်။ ၂ဝဝ၅ ခုနှစ်က အီဂျစ် ပါလီမန် ရွေးကောက် ပွဲ၌ အဆိုပါ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ မှ အဖွဲ့ဝင်များ က တစ်သီး ပုဂ္ဂလ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ ပါလီမန် အမတ်ဦးရေ ၂ဝ ရာခိုင်နှုန်း အထိ ရရှိ ခဲ့သည်။ ယင်းရလဒ်သည် အဆိုပါ အဖွဲ့၏ အမြင့်ဆုံး အောင်မြင်မှု ဖြစ်သည်။ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့သည် ကူညီ ထောက်ပံ့ လှူဒါန်းမှု ပြုခြင်း နှင့် နိုင်ငံရေး လှုပ်ရှား မှုများကို ပူးတွဲ ပြုလုပ်ခြင်း ကြောင့် ကမ္ဘာတစ်ဝန်း လွှမ်းမိုးမှုရှိသော အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့တစ်ခု ဖြစ်သည်။

0 comments:

Post a Comment