Thursday, February 18, 2010

ရန်ကုန် ပြည်သူ့ ဥယျာဉ် ဝင်ကြေး ကောက်ခံသည့် ပုံစံ ပြောင်း

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆

အဆင့်မြှင့် ဥယျာဉ် အဖြစ် သုံးနှစ်ကြာ စီမံကိန်းဖြင့် ပြန်လည် ပြုပြင် တည်ဆောက်မည့် ရန်ကုန် မြို့တော်ရှိ ပြည်သူ့ ဥယျာဉ်၏ ဝင်ကြေး ကောက်ခံမှုကို ငွေသားပေး လက်မှတ်ယူ ပုံစံမှ ဇန်နဝါရီ လမှ စကာ ငွေသားပေး စတစ်ကာကပ် စနစ်သို့ ပြောင်းလဲ လိုက်ကြောင်း ယင်း ဥယျာဉ်တွင်း ဝင်ကြေး ကောက်ခံ သူများ ထံမှ သိရသည်။ ဝင်ကြေး ပြောင်းလဲခြင်း မဟုတ်ဘဲ ကောက်ခံသည့် ပုံစံသာ ပြောင်းလဲခြင်း ဖြစ်ကြောင်း၊ ယခု အခါ ဝင်ကြေးကျပ်၂ဝဝ ပေးပါက ဥယျာဉ် အတွင်း လာရောက် သူများ၏ ကိုယ်တွင် စတစ်ကာ ကပ်ပေး လိုက်မည် ဖြစ်ကြောင်း ယင်း ဥယျာဉ် အတွင်း ကြေညာ ထားချက်တွင် ဖော်ပြ ထားသည်။

''ဒီ ဥယျာဉ် ကြီးကို အဆင့်မြှင့် တင်မယ် ဆိုပြီး သတင်း ထုတ်ပြန်တဲ့ နောက်ပိုင်း ဝင်ကြေး ကောက်တဲ့ ပုံစံ ပြောင်းသွားတာ။ အလုပ် သမား အသစ် တွေလည်း ခေါ်တယ်'' ဟု ဝင်ကြေး ကောက်ခံ သူများက ဆိုသည်။ ယင်းကဲ့သို့ ဝင်ကြေး ပေးဆောင် ပါက စတစ်ကာ ကပ်ပေးသည့် စနစ်ကို ရန်ကုန်မြို့ တော်ရှိ အပန်းဖြေ နေရာ များတွင် တစ်ခု အပါ အဝင် ဖြစ်သော စိမ်းလန်း စိုပြည်တွင် ပထမဆုံး စတင်ခဲ့ပြီး ကျန် နေရာများ တွင်လည်း ကျင့်သုံး နေပြီး ဖြစ်သည်။

ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ သည် ပြည်သူ့ ဥယျာဉ်ကို ရေပန်း ရုပ်ရှင် ပြကွက် အပါ အဝင် ခေတ်မီ ကစား ကွင်းများ၊ စီးပွားရေး အဆောက် အအုံများ ပါဝင်သည့် အဆင့်မြှင့် ဥယျာဉ် အဖြစ် သုံးနှစ်ကြာ စီမံ ကိန်းဖြင့် ပြုပြင် တည်ဆောက် မည်ဖြစ်သည်။ ယင်း ဥယျာဉ်ကို ၁၉၉ဝ ပြည့်နှစ် ဝန်းကျင်တွင် ဖွင့်လှစ် ခဲ့သည်။

0 comments:

Post a Comment