Tuesday, February 16, 2010

မန္တလေးတိုင်း ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်း နိုင်ငံရေး ပါတီဝင် မဖြစ်ရ အပိုဒ် ပယ်ဖျက်

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ပြည်နယ် နှင့်တိုင်း အသင်း ခွဲများ တွင် ဒုတိယ အင်အား အကောင်းဆုံး ဖြစ်သည့် မန္တလေးတိုင်း ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) ၏ ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပသည့် နှစ်ပတ်လည် အသင်းသား စုံညီ အစည်း အဝေး၌ အသင်းပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းချက် ဖြစ်သည့် ဗဟို အလုပ် အမှုဆောင် နှင့် အမှုဆောင် အဖွဲ့ဝင်များ နိုင်ငံရေး ပါတီဝင် မဖြစ်ရ ဆိုသည့် အချက်ကို အသင်းသားများ သဘော တူညီချက် ဖြင့် ဖျက်သိမ်းလိုက်ကြောင်း အသင်း၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းကို ၁၉၉၁ ခုနှစ်တွင် တည်ထောင် ခဲ့သည်။ ယင်းအသင်း၌ သင်းဖွဲ့ မှတ်တမ်း နှင့် စည်းမျဉ်းပေါင်း ၃၉ ခုရှိကြောင်း ယင်း အသင်းထံမှ စုံစမ်း သိရှိရသည်။

0 comments:

Post a Comment