Thursday, February 18, 2010

မော်တော်ယာဉ်အင်ဂျင် ဇုန်အလိုက်တင်သွင်းခွင့်ပြု

ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် လိုအပ်သည့် ကားအင်ဂျင် ပစ္စည်း များကို သွင်းကုန် လုပ်ငန်းရှင် ငါးဦး တင်သွင်း ထားသည်များ ထဲမှသာ တစ်ဆင့် ပြန်လည် ဝယ်ယူခွင့် ရနေ ရာမှ ယခုနှစ်တွင် စက်မှု ဇုန်များ အလိုက် တင်သွင်းခွင့် ရရှိပြီ ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာ နိုင်ငံတွင် ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် လိုအပ်သော မော်တော်ယာဉ် အင်ဂျင် တင်သွင်း ခွင့်ကို ၂ဝဝ၉ ခုနှစ် နောက်ပိုင်းတွင် တင်ဒါ စနစ်ဖြင့် ရွေးချယ် ခဲ့ရာ ပြည်တွင်း လုပ်ငန်းရှင် ငါးဦးက ရရှိခဲ့ပြီး လိုအပ်သည့် မော်တော်ယာဉ် အင်ဂျင် များ၏ ၂၅ ရာခိုင်နှုန်းကို ၄င်းတို့က တင်သွင်းခဲ့သည်။

သို့ဖြစ်ရာ တင်သွင်းရန် ကျန်ရှိနေသေးသည့် ၇၅ ရာခိုင်နှုန်းအတွက် ဇုံအလိုက် တင်သွင်းခွင့်ကို ယခုနှစ် စပိုင်းတွင် ယခုကဲ့သို့ ပြုခြင်း ဖြစ်သည်။ ''ကိုယ့်ဇုန်က တင်သွင်းတဲ့ အင်ဂျင် ဆိုရင်တော့ တစ်လုံးကို အနည်းဆုံး တစ်သိန်းလောက် သက်သာ သွားမယ်လို့ ထင်တယ်'' ဟု ဒဂုံဆိပ်ကမ်း စက်မှု ဇုန်ရှိ နှင်းကြာဖြူ မော်တော်ကား ထုတ်လုပ်ရေးမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းထွန်း ကပြောကြားသည်။ တစ်ဇုန်ချင်း စီ၏ မော်တော်ယာဉ် ထုတ်လုပ်မှု အရေ အတွက် ပေါ်တွင် မူတည်၍ အင်ဂျင် တင်သွင်းခွင့် အရေအတွက်လည်း တူညီမည် မဟုတ်ကြောင်း၊ ယင်းအင်ဂျင် များကို ၂ဝ၁ဝ ပြည့်နှစ် မတ်လကုန် ပိုင်းတွင် အပြီးသတ် တင်သွင်း ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

0 comments:

Post a Comment