Thursday, February 18, 2010

အိမ်မွေး တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ နိုင်ငံတကာ ပြိုင်ပွဲဝင် လက်မှတ် ထုတ်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဒသမ အကြိမ်မြောက် နှစ်ပတ်လည် အခမ်း အနားနှင့် ပူးတွဲ ကျင်းပသည့် အိမ်မွေး တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရ တိရစ္ဆာန်များ အတွက် နိုင်ငံတကာ ပြိုင်ပွဲ များသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် လက်မှတ်များ ထုတ်ပေး ခဲ့ကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက The voice weekly သို့ ပြောကြားသည်။

အိမ်မွေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို ဇန်နဝါရီလ ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ခွေးကောင်ရေ ၆၇ ကောင်၊ အမျိုး အစား ၁၄ မျိုးနှင့် ကြောင် ငါးကောင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲ ဝင်နိုင်သည့် လက်မှတ် ရရှိခဲ့သည့် ခွေးကောင်ရေ ၁၅ ကောင်ခန့်ကို ရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ထံမှ စုံစမ်း သိရှိ ရသည်။

ယင်း ပွဲတွင် Federation of KENNEL Internation အဖွဲ့အစည်း အသိ အမှတ်ပြု နိုင်ငံများ ဖြစ်သည့် ဖိလစ်ပိုင် နှင့် တရုတ်(တိုင်ပေ) တို့မှ လုပ်သက်ရင့် ဒိုင်နှစ်ဦးက ပါဝင် ဆုံးဖြတ်၍ ဆု ရရှိသည့် တိရစ္ဆာန် များကို နိုင်ငံတကာ ပြိုင်ပွဲများသို့ ဆက်လက် ဝင်ရောက် ယှဉ်ပြိုင် နိုင်သည့် အဆင့်မီကြောင်း အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးခဲ့ကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်မည့် အိမ်မွေး တိရစ္ဆာန်များ သွားရောက်ရန်နှင့် ပြိုင်ပွဲချိန် စသည်တို့ကို အသင်းက ချိတ်ဆက် ကူညီ ပေးသွားမည် ဖြစ်ကြောင်း အိမ်မွေး တိရစ္ဆာန် မွေးမြူသူ များအသင်း အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment