Tuesday, February 16, 2010

ရန်ကုန်တွင် ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွား သော်လည်း ရန်ကုန် ကြက်သား အရောင်းအဝယ် မပျက်ဟုဆို

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ဝ

ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် အတွင်းရှိ ကြက်ခြံ တစ်ခြံ၌ ဖေဖော် ဝါရီလ ပထမပတ် အတွင်းက ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ရှိခဲ့ သော်လည်း ကြက်သား ကုန်စည် စီးဆင်းမှုကို ထိခိုက်မှု မရှိကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အကြီးတန်း အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ ရန်ကုန်တိုင်း အတွင်း ကြက်၊ ဘဲ နှင့် ကြက်၊ ဘဲထွက် ပစ္စည်းများ အဓိက ရောင်းဝယ် နေသည့် မင်္ဂလာ တောင်ညွန့် ကြက်၊ ဘဲဒိုင်သို့ တစ်ပတ်လျှင် အသားတိုး ကြက် ပိဿာချိန် ၅၅,ဝဝဝ ခန့် ပုံမှန် ဝင်ရောက်လျက် ရှိကြောင်း၊ ဈေးနှုန်း အားဖြင့် ခြံဖမ်းဈေး တစ် ပိဿာလျှင် ၂၅၅ဝ ကျပ်ဈေး ရှိကြောင်း ၄င်းက ဆိုသည်။

''ကုန်တက်က ပုံမှန် ပါပဲ။ ဈေးနှုန်း ကတော့ ၅ဝ ကျပ်တောင် တက်လာ သေးတယ်။ အခုက ဖြစ်တယ်ဆို တန်းသိပြီး ရောဂါ ဖြစ်တဲ့ ဧရိယာကို ရှင်းလင်း လိုက်တယ်။ ၂ဝဝ၆ ခုနှစ် မန္တလေးမှာ ဖြစ်တုန်း ကတော့ ပထမဆုံး မြန်မာ နိုင်ငံမှာ ကြက်ငှက် တုပ်ကွေး ရောဂါစ ဖြစ်တာ ဆိုတော့ ကုန်စည် စီးဆင်းမှုတွေ ပိတ်ဆို့ ကုန်ပြီး မွေးမြူသူတွေ တော်တော်လေး ဆုံးရှုံး နစ်နာ ခဲ့ရတယ်'' ဟု ¤င်းက ရှင်းပြသည်။ မရမ်းကုန်း မြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ကြက်ခြံ တစ်ခြံတွင် ဖေဖော် ၀ါရီ လ ၂ ရက်က စတင် ဖြစ်ပွား ခဲ့သည့် ကြက်ငှက် တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ကြက်ကောင်ရေ ၂၃၅ဝ ခန့် ရှင်းလင်း ဖျက်ဆီး ပစ်ခဲ့ကြောင်း မွေးမြူရေး နှင့် ကုသရေး ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာ အုန်းကျော်က ဆိုသည်။

စားသုံး သူများ အနေဖြင့် ယခု ကဲ့သို့ ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွား နေချိန်တွင် ကြက်သား စားသုံးမှုကို ဂရု မထားဘဲ စားသုံးရန် မသင့် သကဲ့သို့ သာမန် ထက်ပိုသော ထိတ်လန့်မှု မျိုးလည်း မဖြစ် သင့်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

0 comments:

Post a Comment