Thursday, February 18, 2010

ရန်ကုန်တွင် ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွား

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆

လူဦးရေ ခြောက်သန်း ခွဲခန့် နေထိုင်သည့် မြန်မာ နိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ ဥစားကြက် မွေးမြူရေးခြံ တစ်ခြံ၌ ဖေဖော်ဝါရီ လဆန်းက ကြက်ငှက် တုပ်ကွေး ရောဂါ ပြန်လည် ဖြစ်ပွား နေကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနက ဖေဖော်ဝါရီလ ၆ရက်က တရားဝင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ကြက်ခြံ၌ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွား နေမှုနှင့် ဆက်စပ်၍ မြောက်ဥက္ကလာပ မြို့နယ်ရှိ ဈ ဈေးနှင့် ဈေးအချို့တွင် ကြက်သား ရောင်းချမှုကို ဖေဖော်ဝါရီလ ၆ ရက်မှစတင်၍ သက်ဆိုင်ရာက ယာယီ တားမြစ် ထားကြောင်း၊ ကြက်သားကို ဈေးအတွင်း ရောင်းချ နေသူများ ရောင်းချခြင်း မပြု လုပ်ပါဟု ခံဝန် ကတိများ ထိုးခိုင်းလျက် ရှိကြောင်း မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မရမ်းကုန်း မြို့နယ်ရှိ ဈေးများ တွင်လည်း ကြက်သား ရောင်းချမှုကို ပိတ်ပင် တားမြစ် ထားကြောင်း မရမ်းကုန်း မြို့နယ် အမှတ် (၃) ရပ်ကွက် အတွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။ မြန်မာ နိုင်ငံတွင် ၂ဝဝ၆ ခုနှစ်၌ ကြက်တုပ်ကွေး ရောဂါ စတင် ဖြစ်ပွားခဲ့ပြီး၂ဝဝ၈ ခုနှစ် အထိ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်ရာ ယခု တစ်ကြိမ်သည် စတုတ္ထကြိမ် မြောက် ဖြစ်ပွားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသို့ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားမှုမှာ ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ အထိ နိုင်ငံပေါင်း ခြောက်နိုင်ငံတွင် ကြက်ငှက် တုပ်ကွေးရောဂါ (H5N1) လူသို့ ကူးစက် ခံရသူ ၄၇၁ ဦးရှိပြီး ၂၈၂ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ တရားဝင် စာရင်းများ အရ သိရှိ ရသည်။

0 comments:

Post a Comment