Thursday, February 18, 2010

ဆင်ဆာမဲ့စီဒီ ၃၆ဝဝ ချပ်မြောက်ဥက္ကလာပတွင်ဖမ်းမိ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉

ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်ရှိ နေအိမ် တစ်ခုတွင် ဇန်နဝါရီလ ၁ဝရက်က ဆင်ဆာမဲ့ အခွေ ၃၆ဝဝ ချပ် ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိ ရသည်။ မြောက်ဥက္ကလာပ မြို့နယ် (၁ဝ) ရပ်ကွက် သုနန္ဒာ ၁ဝ လမ်း၊ အမှတ်-၂၅၃ နေအိမ်၌ အသက် ၂၅ နှစ် အရွယ်ရှိ ဦးထွန်းထွန်းနိုင် နှင့်အတူ ဆင်ဆာမဲ့ စီဒီချပ်များ တွေ့ရှိရခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ မှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ဆာမဲ့ ခွေများနှင့် ပတ်သက်၍ အရေးယူ ရာတွင် ယခင်က ဒဏ်ငွေ ကျပ်သုံးသောင်းမှ တစ်သိန်းခွဲ အထိ အရေးယူ ဆောင်ရွက် ခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှ စ၍ ထောင်ဒဏ် ခြောက်လမှ သုံးနှစ် အထိ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဆင်ဆာမဲ့ ခွေများကို ငှားရမ်းသည့် ဆိုင်များ၊ ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းများနှင့် နေအိမ်၌ ငှားရမ်း ကြည့်ရှုသူများ ကိုပါ လိုက်လံ စစ်ဆေး အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆေး အရေးယူ ဆောင်ရွက်မှုများကို ပြည်နယ်နှင့် တိုင်းများရှိ မြန်မာနိုင်ငံ ဗီဒီယို အခြေခံအဖွဲ့ တည်ရှိသည့် နေရာများတွင် လုပ်ဆောင် သွားမည်။
ဖြစ်ကြောင်း မြန်မာနိုင်ငံဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ ဆင်ဆာမဲ့အခွေများ ဖမ်းဆီးရမှုကို မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ) ၇၃/၁ဝ ဗီဒီယိုအက်ဥပဒေ ၃၂ (က) (ခ) တို့ဖြင့် အမှုဖွင့်အရေးယူလျက်ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment