ဘန်ကောက် ၊ ဖေဖော်ဝါရီ ၆
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကမ္ဘာ့ ကူးစက်ကပ် ရောဂါဟု သတ်မှတ် ထားသော A/H1N1 တုပ်ကွေး ရောဂါ ကူးစက် ခံထား ရသည့် နိုင်ငံများတွင် ပါဝင်သော ထိုင်း နိုင်ငံတွင် အဆိုပါ ရောဂါ ကာကွယ်ဆေး လုံးရေ ၂သန်းကို ထိုင်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြည်သူများအား ထိုးနှံ ပေးလျှက် ရှိရာ ကာကွယ်ဆေး ထိုးမှု လုပ်ငန်း အောင်မြင်ရေး အတွက် ထိုင်း နိုင်ငံသားများ အဆိုပါ ကာကွယ်ဆေး ထိုးနှံ ခံကြရန် ထိုင်း အစိုးရက ဆော်သြလျက် ရှိသည်။ ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်ကာ နိုင်ငံ တစ်ဝန်း တွင် A/H1N1 ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ပြုလုပ်လျက် ရှိကြောင်း၊ ပထမ အကြိမ် ကာကွယ်ဆေး ထိုးနှံမှု လုပ်ငန်းကို လာမည့် မတ်လ ကုန်တွင် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ထားပြီး ရောဂါ ကူးစက် ခံရ နိုင်ခြေ မြင့်မားသည်ဟု သတ်မှတ် ထားသော နိုင်ငံသား ၂ သန်းကို ကာကွယ်ဆေး ထိုးပေးမည် ဖြစ်ကြောင်း ထိုင်း ကျန်းမာရေး ဝန်ကြီး ဂျူရင်လက်သာနာသီစစ်က ပြောကြားသည်။
TNA မီဒီယာ သတင်း ဖော်ပြချက် အရ ထိုင်းကျန်းမာရေး ဝန်ကြီး ဌာန သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ အထိ ကျန်းမာရေး ဝန်ထမ်းပေါင်း ၈၄ဝ၉၉ ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၂၈၈၅ ဦး အပါ အဝင် နိုင်ငံသား ၁၂၅၆၇ဝ ဦးကို A/H1N1 ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးပြီး ဖြစ်ကြောင်း သိရသည်။ ထိုင်း အစိုးရ သည် အဆိုပါ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု လုပ်ငန်း များကို ဆက်လက် ဆောင်ရွက် သွားဦးမည် ဖြစ်သည်။
0 comments:
Post a Comment